← Home
အခမ်းအနားများ 18 Mar, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့အဝင်စိုက်ပျိုးရေး ရှေ့တန်းစခန်း၌ တိုက်ပွဲရှောင်တောင်သူများအား နွေစပါးမျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့အဝင်စိုက်ပျိုးရေးရှေ့တန်းစခန်း၌ တိုက်ပွဲရှောင် တောင်သူများအား နွေစပါးမျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။