← Home
ဒေသဖွံ့ဖြိုးရေး 18 Mar, 2026

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျခတ်ဝါးရုံကျေးရွာအုပ်စုသို့ သွားရောက်၍ နွေစပါးလျာထားဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျခတ်ဝါးရုံကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်ပျိုးသည့် ကျေးရွာအုပ်စုများသို့ သွားရောက်၍ နွေစပါးလျာထားဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။