← Home
ဒေသဖွံ့ဖြိုးရေး
16 Mar, 2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ဓာတ်သတ္တု(မြစ်သဲ/ မြစ်ကျောက်စရစ်)ထုတ်လုပ်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်းရှိ ဓာတ်သတ္တု(မြစ်သဲ/ မြစ်ကျောက်စရစ်)ထုတ်လုပ်ခွင့်လိုင်စင်ရရှိသော လုပ်ငန်းရှင်များ၏ ဧရာဝတီမြစ်အတွင်း ဓာတ်သတ္တု(မြစ်သဲ/ မြစ်ကျောက်စရစ်)ထုတ်လုပ်နေမှုအပေါ် မြစ်ချောင်းများတိမ်ကောမှုမဖြစ်စေရေးအတွက် လိုင်စင်ခွင့်ပြုချက်နှင့်အညီ သတ်မှတ်ထားသော နေရာ၌သာ စနစ်တကျထုတ်ယူမှု ရှိ/ မရှိတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဦးဆောင်၍ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။