← Home
GAD news 20 Oct, 2026

ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ အောင်မင်္ဂလာ ရေပေးဝေရေးစခန်းရှိ အောင်မင်္ဂလာ‌ရေကန်အတွင်း ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ရေဖြန့်ဝေ ပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ အောင်မင်္ဂလာရေပေးဝေရေး စခန်းရှိ အောင်မင်္ဂလာ‌ရေကန်အတွင်း ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ရေဖြန့်ဝေပေးနေမှု အခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်နွယ်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။