← Home
GAD news 19 Oct, 2026

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်(အမျိုးသား)ကုန်ထုတ်စခန်းမှ ၂၀၂၆-၂၀၂၇ ခုနှစ် အတွက် ဓာတ်သတ္တုကျောက်ထုတ်လုပ်ခွင့်နှင့် လမ်းခင်းလိပ်သဲကျောက်ထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) လျှောက်ထားလာမှုအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထို ခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်(အမျိုးသား)ကုန်ထုတ်စခန်းမှ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ဓာတ်သတ္တု ကျောက်ထုတ်လုပ်ခွင့်နှင့် လမ်းခင်းလိပ်သဲကျောက်ထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး)လျှောက်ထား လာမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။