← Home
GAD news 18 Oct, 2026

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံမြို့၊ မြို့မရပ်ကွက်၊ မြို့မဈေးအရှေ့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်သရုပ်ပြဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံ မြို့နယ်၊ မိုင်းတုံမြို့၊ မြို့မရပ်ကွက်၊ မြို့မဈေးအရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်သရုပ်ပြဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်သီဟသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ၊ ဈေးသူဈေးသားများ ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။