← Home
GAD news
16 Oct, 2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ စံပြငမိုးရိပ်စျေး၌ ကျင်းပပြုလုပ်သည့် စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချသည့် စျေးဆိုင်ခန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်၊ နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း ခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ စံပြငမိုးရိပ်စျေး၌ ကျင်းပပြုလုပ်သည့် ကုန်စျေးနှုန်း ကျဆင်းရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ်ရောင်းချသည့် စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချသည့် စျေးဆိုင်ခန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ စုစုပေါင်းအင်အား ၁၁၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။