← Home
ပညာရေး 16 Mar, 2026

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၂)၊ (၃)၊ (၄)အခြေခံပညာအထက်တန်းကျောင်းများ၌ Grade - 12 ကျောင်းသား / ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှု အားပေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၂)၊ (၃)၊ (၄)အခြေခံပညာအထက်တန်းကျောင်းများ၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်စိတ်အေးချမ်းစွာဖြေဆိုနေမှုအခြေအနေအား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ကျိုင်းတုံတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူမြင့်၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်နော်ရုသ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။