← Home
GAD news 15 Oct, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်ကလေး- ကွင်းကလေး-ငယ်ဒိုး-ဝင်းပြန်လမ်း ကတ္တရာခင်းခြင်း၊ ကျိုက်ပိတောင်ပိုင်းပတ်လမ်း ကတ္တရာခင်းခြင်းနှင့် မမှိုချောင်းကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တောင်ကလေး- ကွင်းကလေး-ငယ်ဒိုး-ဝင်းပြန်လမ်း ကတ္တရာခင်းခြင်း၊ ကျိုက်ပိ တောင်ပိုင်းပတ်လမ်း ကတ္တရာခင်းခြင်းနှင့် မမှိုချောင်းကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်/ မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။