← Home
GAD news
15 Oct, 2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပ ပြုလုပ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၃၈ နှစ်မြောက် နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသော အားဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပ ပြုလုပ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၃၈ နှစ်မြောက် နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြု သောအားဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများမှ အရာရှိကြီးများ ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်းအင်အား ၁၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။