← Home
GAD news
15 Oct, 2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း၌ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း သင်တန်း ဆင်းပွဲ အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း၌ တိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်မှုဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား ၈၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။