← Home
GAD news 15 Oct, 2026

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ စည်ပင် သာယာရေးအဖွဲ့ပိုင်ဈေး(၁၊၂)အတွင်းနှင့် ဈေးအနီးရှိလမ်းဆုံလမ်းခွနေရာများ၌ အများပြည်သူများအား အယ်နီညိုဖြစ်စဉ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးနေမှု

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ နံနက် ၈ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေး(၁၊၂)အတွင်းနှင့် ဈေးအနီးရှိ လမ်းဆုံလမ်းခွနေရာများ၌ အများပြည်သူများအား အယ်နီညိုဖြစ်စဉ် ကြောင့် ကြုံတွေ့ လာနိုင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးနေမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းသည် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ ကြည်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။