← Home
GAD news
15 Oct, 2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သာစည်ကျေးရွာ၌ စားသုံးဆီလျှော့ချသုံးစွဲနိုင်ရေးအတွက် စိုက်ပျိုးပြီးစီးသည့် ပဲပုပ်စိုက်ခင်း ၄၁ ဧကနှင့် ထပ်မံစိုက်ပျိုးရန်မြေ ၅ ဧကအား မြေယာပြုပြင်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ၊ ကွင်းအမှတ် - ၁၅၂၂ ၊ ၁၅၂၄ တို့၌ စားသုံးဆီလျှော့ချသုံးစွဲနိုင်ရေးအတွက် စိုက်ပျိုးပြီးစီးသည့် ပဲပုပ်စိုက်ခင်း ၄၁ ဧကနှင့် ထပ်မံ စိုက်ပျိုးရန်မြေ ၅ ဧကအား မြေယာပြုပြင်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောနိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနများမှတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်