← Home
GAD news
15 Oct, 2026
ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၁)ရှိ Mr. Guitar Bar နှင့် ရပ်ကွက်(၇)ရှိ Mr. Guitar Entertainment ဆိုင်တို့အား သတ်မှတ်စည်းကမ်းများနှင့်အညီဖွင့်လှစ်ထားခြင်း ရှိ/ မရှိ အခြေအနေများအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ နေ့လယ် ၂ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ ဗျူဟာလမ်းရှိ Mr. Guitar Bar နှင့် ရပ်ကွက်(၇)၊ အဝေယျာလမ်းသွယ်(၃)ရှိ Mr. Guitar Entertainment ဆိုင်တို့အား သတ်မှတ်စည်းကမ်းများနှင့်အညီဖွင့်လှစ်ထားခြင်း ရှိ/ မရှိ အခြေအနေများအား ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။