← Home
ပညာရေး
16 Mar, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အ.မ.က (အောင်မင်္ဂလာ)(မူလွန်)စာသင်ကျောင်းအား ပြင်ဆင်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း ခရိုင်၊ ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ၂၀၂၆- ၂၀၂၇ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် အ.မ.က(အောင်မင်္ဂလာ)(မူလွန်)စာသင်ကျောင်းအား ပြင်ဆင်နိုင်ရေး ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကို ဦးဆောင်၍ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။