← Home
ဒေသဖွံ့ဖြိုးရေး 16 Mar, 2026

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး အတွက် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ များအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဗိုလ်ချုပ်လမ်းအနောက်ဘက်ခြမ်းဘေး ဝဲ/ ယာ (Do Do Mini Mart မှ အောင်ချမ်းသာ ဈေးအထိ) ကွန်ကရစ်လမ်းခင်းခြင်း၊ ရေနုတ်မြောင်းပြုလုပ်ခြင်းလုပ်ငန်းများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။