← Home
GAD news
06 Oct, 2026
မော်လမြိုင်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။