← Home
GAD news
06 Oct, 2026
မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ မြသလွန်ဘုရား ကုန်းတော်ပေါ်ရှိ သုဘောဂဓမ္မာရုံတွင် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန် ၁၂၂ ဦး၏ UID ကတ်များ ပြုလုပ်ပေးနေမှုနှင့် PSMSဖြင့် စစ်ဆေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ မြသလွန်ဘုရားကုန်းတော်ပေါ်ရှိ သုဘောဂဓမ္မာရုံတွင် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားစိစစ်ပြီးသူ မကွေးတိုင်းဒေသကြီးအတွင်းမှ နေရပ်ပြန် ၁၂၂ ဦးအား UID ကတ်များ ပြုလုပ်ပေးနေမှုနှင့် PSMS(Person Scrutinization and Monitoring System)ဖြင့် စစ်ဆေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး နေရပ်ပြန်ပြည်သူများအား မိမိတို့နေထိုင်ရာနေရပ်အသီးသီးသို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။