← Home
GAD news
02 Oct, 2026
ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်အနိမ့်ပိုင်း၌ မူးမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်အတွင်းသို့ မြစ်ရေစီးဝင်ရောက်မှုအခြေအနေအား ကြည့်ရှု စစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်၊ ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်အနိမ့်ပိုင်း၌ မူးမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်အတွင်းသို့ မြစ်ရေစီးဝင်ရောက်မှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းသူရ ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။