← Home
GAD news 30 Sep, 2026

ကော့‌သောင်းမြို့နယ်၊ အဏ္ဏဝါရပ်ကွက်၊ ဘုရင့်နောင် စျေးရှိ ရွှေဆိုင်များ၌ သတ်မှတ်စည်းကမ်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်၊ ကော့‌သောင်းမြို့နယ်၊ အဏ္ဏဝါရပ်ကွက်၊ ဘုရင့်နောင်စျေးရှိ ရွှေဆိုင်များ၌ သတ်မှတ် စည်းကမ်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီရောင်းချမှုရှိ/ မရှိအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။