← Home
GAD news
30 Sep, 2026
ရေးမြို့နယ်၊ သီရိနန္ဒာရပ်ကွက်၊ ပြည်တော်သာချောင်းတံတားအနီး၌ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေကြီးနစ်မြုပ်မှုမဖြစ်ပေါ်စေရေးတို့အတွက် အမှိုက်များရှင်းလင်းနေမှုများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၊ ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ ရေး- ထားဝယ်ပြည်ထောင်စုလမ်းမဘေးရှိ ပြည်တော်သာ ချောင်းတံတားအနီး၌ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးနစ်မြုပ်မှုမဖြစ်ပေါ်စေရေးတို့အတွက် အမှိုက်များရှင်းလင်းနေမှုများအား အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး သူရရန်နိုင်ဦး၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။