← Home
GAD news 29 Sep, 2026

ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ မြို့ရှောင်လမ်းတစ်လျှောက်ရှိ ချောင်းများ၊ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးနစ်မြုပ်မှုမဖြစ်ပေါ်စေရေးတို့ အတွက် အမှိုက်များရှင်းလင်းနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ မြို့ရှောင်လမ်းတစ်လျှောက်ရှိ ချောင်းများ၊ ရေမြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေကြီးနစ်မြုပ်မှုမဖြစ်ပေါ်စေရေးတို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက အမှိုက်များရှင်းလင်းနေမှုအခြေအနေများအား အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဇော်ဇော်ဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။