← Home
GAD news
24 Sep, 2026
မြင်းခြံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့သည့် ဂုဏ်ထူးရကျောင်းသား/ သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနား
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဧရာဝတီခန်းမ၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဂုဏ်ထူးရကျောင်းသား/ သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှချီးမြှင့်သည့် ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ စုစုပေါင်းအင်အား ၂၀၀ ဦးတို့ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဂုဏ်ထူးရကျောင်းသား/ သူများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။