← Home
GAD news 24 Sep, 2026

၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးနှောင်းချည်မျှင်ရှည်ဝါတိုးချဲ့ စိုက်ပျိုးသောတောင်သူများနှင့် မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုကွန်ပေါင်းမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးနှောင်းချည်မျှင်ရှည်ဝါတိုးချဲ့စိုက်ပျိုးသော တောင်သူများနှင့် မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုကွန်ပေါင်းမြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တောင်သူများ စုစုပေါင်း အင်အား ၈၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။