← Home
GAD news 23 Sep, 2026

လွိုင်လင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် လမ်းအထူးအဖွဲ့(၅)မှ ဆောင်ရွက်သည့် လွိုင်လင်- ပန်ကေတု- သီပေါကတ္တရာလမ်းချဲ့ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လမ်းအထူးအဖွဲ့(၅)မှ ဆောင်ရွက်သည့် လွိုင်လင်- ပန်ကေတု- သီပေါလမ်း အရှည် ၀.၂၂၀ ကီလိုမီတာရှိ မူလလမ်းဟောင်းအား ၃.၆၆ မီတာအကျယ်မှ ၅.၅ မီတာအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်သည် ခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သတင်းရရှိပါသည်။