← Home
GAD news
23 Sep, 2026
ကျိုက်ထိုမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်း (ပင်စင်စား)များကို စားအုန်းဆီများဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအခြေအနေများအား ကွင်းဆင်း စစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် အငြိမ်းစား ဝန်ထမ်း(ပင်စင်စား)များကို စားအုန်းဆီများဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။