← Home
GAD news 23 Sep, 2026

ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမက်ကျေးရွာအုပ်စု၊ သီရိမြိုင် ကျေးရွာရှိ ကွမ်းသီးအပေါင်းခံစက်ရုံအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ခြင်း ရှိ/မရှိနှင့် စက်ရုံလည်ပတ်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်၊ နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမက်ကျေးရွာအုပ်စု၊ သီရိမြိုင်ကျေးရွာရှိ ဒေါ်မြင့်မြင့်ကြူ အမည်ဖြင့် ကွမ်းသီးအပေါင်းခံစက်ရုံအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ခြင်း ရှိ/မရှိနှင့် စက်ရုံလည်ပတ်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ စုစုပေါင်းအင်အား ၂၀ ဦးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။