← Home
GAD news
23 Sep, 2026
မင်္ဂလာဒုံမြို့နယ်၊ အထက-၄(မင်္ဂလာဒုံ)၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများ၊ အောင်ချက် အကောင်းဆုံးကျောင်းနှင့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အထက-၄(မင်္ဂလာဒုံ)၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းနှင့် လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။