← Home
GAD news 18 Sep, 2026

ရမည်းသင်းမြို့နယ်၊ ရွှေဒါးသာစည်ကျေးရွာရှိ အမှတ်(၈) အထည်စက်ရုံသို့သွားရောက်၍ စက်ရုံအတွင်း/ အပြင်သန့်ရှင်းသာယာလှပစေရေး၊ စက်ရုံလည်ပတ်နေမှု အခြေအနေနှင့် အစည်းအဝေးခန်းမပြင်ဆင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ ရမည်းသင်းမြို့နယ်၊ ရွှေဒါးသာစည်ကျေးရွာရှိ အမှတ်(၈)အထည်စက်ရုံသို့သွားရောက်၍ စက်ရုံ အတွင်း/ အပြင်သန့်ရှင်းသာယာလှပစေရေး၊ စက်ရုံလည်ပတ်နေမှုအခြေအနေနှင့် အစည်းအဝေးခန်းမ ပြင်ဆင်ထားရှိမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။