← Home
GAD news 17 Sep, 2026

သိမ်ဇရပ်မြို့ရှိ စစ်တောင်းပင်မဓာတ်အားခွဲရုံ(သိမ်ဇရပ်)၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ စတို(၂)လုံး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားများကောင်းမွန်မှုရှိစေရေးဆောင်ရွက်ထားရှိမှုအခြေအနေ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် သိမ်ဇရပ်မြို့ရှိ စစ်တောင်းပင်မဓာတ်အားခွဲရုံ(သိမ်ဇရပ်)၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ စတို(၂)လုံး၌ ဆွေးမြေ့ပျက်စီးနေသောတံခါးမကြီးများ၊ ပြတင်းပေါက်များနှင့် အမိုးသွပ်ပြားများ အစားထိုးလဲလှယ်ခြင်းလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားများ ကောင်းမွန်မှုရှိစေရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။