← Home
GAD news 16 Sep, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ယုဇနလမ်း၌ (၁၀)မီတာကွန်ကရစ်တိုင် အသစ်တည်ဆောက်ခြင်းနှင့် ၂၀၀ ကေဗွီအေထရန်စဖော်မာ(၁)လုံး တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြောက်ပိုင်းရပ်ကွက်၊ ယုဇနလမ်း၌ ၁၁ ကေဗွီလိုင်း ပေ ၉၀၀ အား (၁၀)မီတာ ကွန်ကရစ်တိုင် SAC 120mm2 ဖြင့် အသစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ၁၁/၀.၄ကေဗွီ ၂၀၀ ကေဗွီ အေထရန်စဖော်မာ(၁)လုံးတည်ဆောက်ခြင်း၊ မြို့တွင်းဖီဒါလက်ပြကျေးရွာမှ စည်ပင်တိုးဂိတ်အနီး ၁၁ ကေဗွီ လိုင်း ၄၀၀ ဗို့(နှစ်ထပ်လိုင်း)အား ၉ မီတာ ကွန်ကရစ်တိုင်၊ ACSR 95mm² & H.D.B.C No. 10, 12 (၀.၅) မိုင်အား ၁၀ မီတာ ကွန်ကရစ်တိုင် SAC 120mm² နှင့် Insulated Cable တို့ဖြင့် အစားထိုးတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်/ မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဝင်များ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။