← Home
GAD news
15 Sep, 2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ စစ်တက္ကသိုလ်(DSA)၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည့် တရုတ်- မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာတိုးမြှင့်နိုင်ရေး အတွက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ စစ်တက္ကသိုလ်(DSA)၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည့် တရုတ်- မြန်မာစီးပွားရေး စင်္ကြံ(China-Myanmar Economic Corridor -CMEC) အကောင်အထည်ဖော်မှုကို မြှင့်တင်ရန်နှင့် ပင်မစင်္ကြံစီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာတိုးမြှင့်နိုင်ရေးအတွက် တွေ့ဆုံပွဲ အခမ်းအနားသို့ ရန်ကုန်မြို့အခြေစိုက်တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံမှူးကြီး Mr Shen Dan နှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်တပ်နယ်မှူးနှင့်တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ စုစုပေါင်းအင်အား ၃၀ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။