← Home
GAD news 15 Sep, 2026

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အင်းရေတွင်းသမိုင်းပြတိုက်(နောင်ကမြိုင်စံပြကျေးရွာ)၌ ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၉ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အင်းရေတွင်းသမိုင်းပြတိုက်(နောင်ကမြိုင်စံပြကျေးရွာ)၌ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ သင်တန်းသား/ သူများ စုစုပေါင်းအင်အား ၁၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။