← Home
GAD news 10 Sep, 2026

ကျောက်ဆည်မြို့၊ ဧမြကြည်လင်ရပ်ကွက်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကျေးလက်လူငယ်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်မြို့၊ ဧမြကြည်လင်ရပ်ကွက်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကျေးလက်လူငယ်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျေးလက်နေလူငယ်လူရွယ်များ စုစုပေါင်းအင်အား ၁၂၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။