← Home
GAD news 09 Sep, 2026

ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းကျေးရွာနှင့် သိုက်တော(ဘော်) ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ကျေးရွာအုပ်စုသွားလမ်းပေါ်ရှိ Pipe Culvert ရေပြွန်တာဘောင်ပျက်စီးမှုအား ပြန်လည်ပြုပြင်နိုင်ရေး‌အတွက် ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းကျေးရွာနှင့် သိုက်တော(ဘော်)ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကျေးရွာအုပ်စုသွားလမ်းပေါ်ရှိ Pipe Culvert ရေပြွန်တာဘောင်ပျက်စီးမှုအား ပြန်လည်ပြုပြင်နိုင်ရေး‌အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။