← Home
GAD news 08 Sep, 2026

တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာအုပ်စု၊ သနပ်ချောင်း ကျေးရွာ၊ Y.G.W ပရဟိတဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် စက်ချုပ်နည်းပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ နေ့လယ် ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာအုပ်စု၊ သနပ်ချောင်းကျေးရွာ၊ Y.G.W ပရဟိတဘုန်းတော်ကြီး ကျောင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ ကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့်စီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ သင်တန်း နည်းပြ၊ သင်တန်းသူများ စုစုပေါင်းအင်အား ၈၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။