← Home
GAD news 03 Sep, 2026

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ ညောင်ရွှေမြို့၊ ရွှေလဘုန်းကျေးရွာ၊ သက်မွေးပညာသင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ ညောင်ရွှေမြို့၊ တောင်ခြေမြင်းစခွန့်ကျေးရွာအုပ်စု၊ ရွှေလဘုန်းကျေးရွာရှိ သက်မွေး ပညာသင်တန်းကျောင်းခန်းမ၌ ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကြီးမှူးကျင်းပသည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူများ စုစုပေါင်းအင်အား ၁၂၀ ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းသူများချုပ်လုပ်ထားသည့် အထည်များအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။