← Home
GAD news
03 Sep, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ အမှတ်(၂၂)အကြီးစားစက်ရုံ(ဘီးလင်း)သို့ သွားရောက်၍ စက်ရုံအတွင်း မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တာယာအမျိုးအစားအလိုက်ထုတ်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်း မြို့နယ်၊ အမှတ်(၂၂)အကြီးစားစက်ရုံ(ဘီးလင်း)သို့ သွားရောက်၍ စက်ရုံအတွင်းမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တာယာအမျိုးအစားအလိုက်ထုတ်လုပ်နေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။