← Home
GAD news
02 Sep, 2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့်ခွဲဝေရောင်းချပေးခြင်းနှင့် ဝန်ထမ်းများအား အခမဲ့ထောက်ပံ့ပေးခြင်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ မွန်းလွဲ ၁ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ စားသုံးဆီများအား ခရိုင်အဆင့်ဌာနဆိုင်ရာများသို့ သက်သာသောဈေးနှုန်းဖြင့် ခွဲဝေရောင်းချပေးခြင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား အခမဲ့ထောက်ပံ့ပေးခြင်းဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား ၁၅ ဦးတို့ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။