← Home
GAD news 31 Aug, 2026

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်သည့် မွန်ပြည်နယ်ဥပဒေချုပ်ရုံး ဥပဒေရေးရာဝန်ကြီးဌာန၏(၅) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်သည့် မွန်ပြည်နယ်ဥပဒေချုပ်ရုံး ဥပဒေရေးရာဝန်ကြီးဌာန၏(၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တရားလွှတ်တော် တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။