← Home
GAD news 28 Aug, 2026

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်ရှိ စံပြဈေးအတွင်း၌ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ပျံကျဈေးသည်များ စနစ်တကျရောင်းချမှုရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံ မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်ရှိ စံပြဈေးအတွင်း၌ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ပျံကျ ဈေးသည်များ စနစ်တကျရောင်းချမှုရှိစေရေးတို့အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင် သာယာရေးအဖွဲ့မှခေတ္တအမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား ၁၀ ဦးတို့နှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။