← Home
GAD news 26 Aug, 2026

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ ဝိန်းလိပ်ကျေးရွာတွင် မိုင်းဆတ်- မယ်ကောရွာလမ်းနှင့် ဝိန်းလိပ်တံတားတည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ ဝိန်းလိပ်ကျေးရွာတွင် ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၆- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုင်းဆတ်- မယ်ကောရွာလမ်းနှင့် ဝိန်းလိပ်တံတားတည်ဆောက်နေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး တံတားအနီးချောင်းရေစီးကြောင်းရှင်းလင်းခြင်းများဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။