← Home
GAD news
25 Aug, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ မြို့နယ်အားကစားခန်းမနှင့် အားကစားကွင်းများသို့ပျက်စီးယိုယွင်းနေမှုများအား သတ်မှတ်ချက်များ နှင့်အညီ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၂၅ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ မြို့နယ်အားကစားခန်းမနှင့် အားကစားကွင်းများသို့ သွားရောက်၍ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ပျက်စီးယိုယွင်းနေမှုများအားသတ်မှတ်ချက်များနှင့်အညီ အမြန်ဆုံးပြုပြင်နိုင်ရေး အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။