← Home
GAD news
06 Aug, 2026
ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့နယ်၊ မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များဆောင်ရွက်ပေးနေမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့နယ်၊ မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်အထက် ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များဆောင်ရွက်ပေးနေမှုအခြေအနေများအား ပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား/ သူ ၇၄ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။