← Home
GAD news
06 Aug, 2026
ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းကျောင်း၊ မိုင်းတုံကျောင်းကောင်စီ ဥက္ကဋ္ဌဖလားဘောလုံးအားကစားပြိုင်ပွဲပိတ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်၊ အ.ထ.က(မိုင်းတုံ)ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်း၊ မိုင်းတုံကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးအားကစား ပြိုင်ပွဲပိတ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သီဟသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူ များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။