← Home
GAD news 04 Aug, 2026

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ မိုးစပါးလျာထားဧကပြည့်မီစွာစိုက်ပျိုးနိုင်ရေး အတွက် မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်၊ နံနက် ၁၁ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပလန(၂)၊ ကွင်းအမှတ်(၄၅)၊ ကံ့ကော်မြိုင်ရွာကွင်း၌ ခရိုင်အတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် မိုးစပါးလျာထားဧကပြည့်မီစွာစိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းသည် ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။