← Home
GAD news 24 Jul, 2026

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံကျေးရွာအုပ်စု၊ ဝမ်နားကျေးရွာ၊ ကွင်းအမှတ်- ၃ ၌ မိုးစပါး DRUM SEEDER ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံ မြို့နယ်၊ မိုင်းတုံကျေးရွာအုပ်စု၊ ဝမ်နားကျေးရွာ၊ ကွင်းအမှတ်- ၃၊ ဦးပိုင်- ၈၊ တောင်သူဦးဘောဂ၏ကွင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် မိုးစပါး DRUM SEEDER ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သီဟသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။