← Home
GAD news
24 Jul, 2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဘားအံစက်မှုဇုန်ကြီးကြပ်မှုကော်မတီရုံးအတွင်း၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ(တတိယအကြိမ်)သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်၊ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဘားအံစက်မှုဇုန်ကြီးကြပ်မှုကော်မတီရုံးအတွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ (တတိယအကြိမ်)သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ ခရိုင်/ မြို့နယ် အဆင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၃၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။