← Home
GAD news
24 Jul, 2026
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ ကယားပိုင်းရပ်ကွက်ရှိ အမက(မူလွန်)ကျောင်း၌ ကျန်းမာရေး ဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ ကယားပိုင်းရပ်ကွက်ရှိ အမက(မူလွန်)ကျောင်း၌ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး လုပ်ငန်းဖြစ်သည့် ကျောင်းသား/ သူများအား ကိုယ်အလေးချိန်တိုင်းခြင်း၊ အရပ်အမြင့်တိုင်းခြင်း၊ သံဓာတ် အားဆေးတိုက်ကျွေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်းဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်သည် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။