← Home
GAD news 17 Jul, 2026

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်‌သည့် ၂၀၂၆-၂၀၂၇ ခုနှစ် မျိုးစေ့ထုတ်/ စံပြကွက်စိုက်တောင်သူများအား သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်‌သည့် ၂၀၂၆-၂၀၂၇ ခုနှစ်၊ ပြည်နယ်အစိုးရအဖွဲ့(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မျိုးစေ့ထုတ်/ စံပြကွက်စိုက်တောင်သူများသို့ သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သီဟသည် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့်အတူ တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသော ယာစပါးမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် နှမ်းသီးနှံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်စိုက်ပျိုးထားရှိမှုအခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။